/Shi Exhibition

About /Shi


/Shi is an art exhibition in the city of Yangon, Myanmar. /Shi is on for 44 days from 12 November 2022 to 12 January 2023. Based on bus routes, the backbone of Yangon’s DNA, you are invited to explore 40+ artworks by 50+ artists and creatives carefully orchestrated across 7 venues throughout the city.

/ရှိ အကြောင်း

/ရှိ က မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျင်းပမယ့် အနုပညာပြပွဲတစ်ခုဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၊ (၁၂) ရက်နေ့  ကနေ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ၊ (၁၂) ရက်နေ့ အထိ (၄၄) ရက် ကြာမြင့်မယ့် အိဇ္ဇဘီးရှင်း တစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ကျောရိုး ဗီဇဖြစ်တဲ့ ဘတ်စ်ကားလမ်းကြောင်းများ ပေါ်မှာ အခြေခံထားတဲ့ မြို့တွင်းရှိ နေရာ (၇) ခုကို ဂရုတစိုက် စီစဉ်ထားပြီးတော့ အနုပညာရှင်ပေါင်း (၅၀) ကျော်ရဲ့ အနုပညာလက်ရာပေါင်း (၄၀) ကျော်ကို လေ့လာစူးစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

For more information, please visit the official landing page on the Goethe-Institut Myanmar website.

 Curatorial Statement

Sid Kaung Sett Lin                                                                            

Thet Thet Nway Htwe (Diana)

Min Chit Paing

In the process of constructing the /Shi exhibition, we have wanted to ground our curatorial approach 
to the city of Yangon on a tentative level, watching and listening to what goes on in the city as it shifts beneath our feet. With the pandemic and drastic migration of the local art community, we have been able to observe the city morph into a rather interesting way—interesting both in terms of what the city has become, and how this process reflects a larger tendency against the tension in between continuance and questions. Artists and practitioners who have continued to reside locally have thus reached the question: who is going to appreciate their existence and their artworks produced during this time. 

Hence, /Shi is an art exhibition, an occasion, a reminder of our existence and continuation. The starting point of this whole project is the Reconnect grant (2020-2021) funded by Goethe-Institut Myanmar’. We, as the curatorial team, had the honor of taking on the task of exhibiting the artworks from Reconnect, adding our own flair as “/Shi” with additional featured artworks and artists.

The curatorial team also faced our own questions. Art has generally been separate from the local community—at least in common perception. This problem is not limited to Myanmar but also elsewhere all over the world. /Shi as a satellite exhibition is our attempted solution by curating beyond the confines of art spaces; thus, the bus-stops. Instead of focusing only on the gallery spaces, we think about framing each bus-stop neighborhood and Yangon itself as space giving the local community a sense of ownership and belonging, and allowing chance explorations of our familiar landscapes in new perspectives.


/ရှိ ကျူရေတိုရီရယ်အဖွဲ့ ထုတ်ပြန်ချက်


ဆဒ် ကောင်းဆက်လင်း

ဒိုင်ယာနာ နွေးထွေး

မင်းချစ်ပိုင်


/ရှိ အိဇ္ဇဘီးရှင်းကို တည်ဆောက်ဖို့ စဉ်းစားတဲ့အခါ ကျနော်တို့ခြေလှမ်းတွေအောက်မှာ ဆက်လက်လှုပ်ရှားနေတဲ့ ရန်ကုန်မြို့ထဲက အဖြစ်အပျက်၊ ပြောင်းလဲမှုတွေကို စောင့်ကြည့်  နားထောင်နေပြီးတော့ မြို့တစ်မြို့လုံးကို ဖြန့်ကျက်နိုင်မယ့်  ကျူရေတိုရီရယ်ပိုင်းဆိုင်ရာ ချည်းကပ်မှုမျိုးကို  လိုချင်ခဲ့ပါတယ်။ ကပ်ရောဂါအပါဝင် ဒေသအတွင်း အနုပညာအသိုင်းအဝိုင်းရဲ့ များမြောင်လှတဲ့ ပြောင်းရွှေ့နေထိုင်မှုတွေကြောင့်  သဏ္ဌာန်ပြောင်းလာတဲ့ ရန်ကုန်ကို ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့ပုံစံတစ်ခုအဖြစ် ကျနော်တို့က  စောင့်ကြည့်လေ့လာနိုင်ခဲ့တယ်။ ဒီ အိဇ္ဇဘီးရှင်း တည်ဆောက်မှုလုပ်ငန်းစဉ်ထဲတွေကတစ်ဆင့် မြို့ကဘယ်လိုပုံစံဖြစ်လာတယ်၊ ပြောင်းလဲလာတဲ့ပုံစံတွေထဲမှာလည်း စဉ်ဆက်မပြတ်မှု နဲ့ မေးခွန်းတွေ ကြားမှာရှိတဲ့ တင်းမာမှုကို ဘယ်လိုသွေဖယ်တယ်၊ ဘယ်လို အရောင်ပြန်ဟပ်နေတယ် ဆိုတာတွေကို လေ့လာနိုင်ခဲ့တယ်။  ဒီလိုနဲ့  ပြည်တွင်းမှာ ဆက်လက်နေထိုင်နေတဲ့ အနုပညာရှင်တွေ၊ တီထွင်ဖန်တီးနေသူတွေက ဒီကာလအတွင်း သူတို့ရဲ့အနုပညာလက်ရာတွေနဲ့ သူတို့ရဲ့ဖြစ်တည်မှုတွေကို ဘယ်သူတွေ တန်ဖိုးထားစောင့်ကြည့်နေကြသလဲ ဆိုပြီး မေးခွန်းထုတ်လို့ရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

ဒါကြောင့် /ရှိ က အနုပညာပြပွဲတစ်ခု၊ အချိန်ကာလတစ်ခု အဖြစ် ကျနော်တို့ရဲ့ တည်ရှိမှုနဲ့ စဉ်ဆက်မပြတ်ရှိနေမှုကို သတိရစေပါတယ်။ ဒီပရောဂျက်ရဲ့ စမှတ်ကတော့ Goethe-Institut Myanmar’ ကနေ ပံ့ပိုးထားတဲ့ Reconnect Grant (၂၀၂၀-၂၀၂၁) က စပါတယ်။ Reconnect  လက်ရာတွေကို ကျူရေတိုရီရယ် ရှုထောင့်မှတစ်ဆင့် ကျနော်တို့နည်း၊ ကျနော်တို့ဟန်အနေနဲ့ ပြန်လည် ပြီး ပြပွဲအဖြစ် ဖန်တီးခွင့်ရတဲ့အတွက်ရော နောက်ထပ် အခြား featured လက်ရာတွေကိုပါ ပြပွဲရဲ့ပင်မ အခင်းအကျင်းမှာ ထပ်တိုးပြသဖန်တီးခွင့်ရတဲ့အတွက် ကျနော်တို့ ကျူရေတိုရီရယ် အဖွဲ့သားတွေအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။

ကျနော်တို့ ကျူရေတိုရီရယ်အဖွဲ့ ကိုယ်တိုင်ကလည်း ကျနော်တို့ရဲ့ မေးခွန်းတွေနဲ့ ထိပ်တိုက် တွေ့ခဲ့ရတယ်။ အနုပညာက ဆန်းသစ်တီထွင်မှုအသစ်တွေ၊ ရှုထောင့်အသစ်တွေရဲ့ ရှေ့တန်းမှာ အမြဲရှိနေပေမယ့် ပုံမှန်အားဖြင့်တော့ အနုပညာအဝိုင်းအဝန်းဆိုတာက  ပတ်ဝန်းကျင် အသိုင်းအဝိုင်းကနေ သပ်သပ်စီဖြစ်နေတာပဲလို့  အများက အမြဲလိုလို ယူဆတတ်ကြတယ်။ ဒီပြဿနာက မြန်မာပြည်တစ်ပြည်တည်းတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါဖြစ်နေတာပါ။ /ရှိ ကို စတယ်လိုက်အိဇ္ဇဘီးရှင်းအဖြစ် ဖန်တီးထားခြင်းဟာ အနုပညာပြခန်းနေရာတွေကို အဓိကထားတာထက် ကျနော်တို့ကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးဟာ အတူတကွ တည်ရှိနေပါတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင် ပါဝင်တဲ့နေရာ တစ်ခုချင်းစီကို ဘက်စ်ကားမှတ်တိုင်တစ်ခုစီနဲ့ ခြံရံထားပါတယ်။  တကယ်တော့ ဒီပုံစံက ကျနော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား ပတ်ဝန်းကျင်တွေကို ရှုထောင့်အသစ်တွေကနေ လေ့လာစူးစမ်းနိုင်ဖို့ အခွင့်အရေးပါပဲ။ 

ဒီလိုမျိုး ပေါင်းစပ်မှုက အနုပညာလက်ရာတွေနဲ့ ပတ်ဝန်းကျင်ကြားက ခြားနားတဲ့ ဆက်ဆံရေးတွေအပြင် တခြားအသံတွေကိုပါ ကြားသိနိုင်တဲ့ ရှားပါးအခွင့်အရေးလည်း ဖြစ်ပါတယ်။ မီဒီယမ်အကြောင်းကို ပြောရမယ်ဆိုရင်လည်း ဗီဒီယိုလက်ရာတွေ၊ အိမ်တွင်းသုံးပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ လက်ရာတွေ သိသိသာသာ ပါဝင်နေမှုက ကပ်ရောဂါကာလ အတွင်းက ဖန်တီးထားမှုတွေ ဖြစ်တဲ့အကြောင်း အခိုင်အမာ အတည်ပြုနေပါတယ်။ လာရောက်ခံစားကြည့်ရှုသူတွေကိုလည်း  ကိုယ်ပိုင်ရောင်ပြန်ဟပ်မှုတွေကို ရှာဖွေဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ အားကောင်းတဲ့ အသံဖွဲ့စည်းပုံ၊ စမ်းသပ်မှုတွေကလည်း အိဇ္ဇဘီးရှင်း တစ်ခုလုံးကို လွှမ်းခြုံထားပြန်တယ်။ ဒီ အိဇ္ဇဘီးရှင်းမှာပါတဲ့ လက်ရာတွေက မိမိကိုယ်ကိုသာဆင်ခြင်သုံးသပ်တယ်ဆိုတဲ့ အနုပညာရဲ့ ကန့်သက်ချက်တွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် /ရှိ က လတ်တလော တစ်ပြိုင်နက်ဖြစ်နေတဲ့ အဖြစ်မှန်တွေကို လက်ခံတဲ့ အနုပညာလုပ်ငန်းစဉ်တွေကို ပိုအားပေးနေတဲ့အပြင် ယေဘုယျကိုယ်စားပြုမှု ယန္တရားတို့ကိုလည်း ပြန်လည်သုံးသပ်ရာ ရောက်ပါတယ်။ 

/ရှိ က အနုပညာရှင်တွေနဲ့ သူတို့လက်ရာတွေအပြင် စကားလက်ဆုံကျမှုတွေ၊ မှတ်တမ်းတင်မှုတွေ ပါဝင်တဲ့ မြန်မာ့အနုပညာအခင်းအကျင်းရဲ့ လျှပ်တစ်ပြက် ရိုက်ချက်တွေလိုပါပဲ။ အိဇ္ဇဘီးရှင်း (၄၄) ရက်တာ ကာလပတ်လုံးမှာလည်း ပြိုင်တူ ထုတ်ပြန်ချက်တွေ၊ အားပြိုင်နေတဲ့ ဇာတ်ကြောင်းတွေနဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။ “နေရာ/လက်ရာ စကားဝိုင်း/ရှိ” — အနုပညာရှင်တွေနဲ့ ပြခန်းနေရာ တွေကြား ဆွေးနွေးမှုစီးရီး၊ “အနုပညာရှင်/ရှိ” — ဖိတ်ခေါ်ထားတဲ့ အနုပညာရှင်တွေအတွက် ဆွေးနွေးမှုစီးရီး၊ “အနုပညာစာတမ်းဖတ်ပွဲ/ရှိ” — အနုပညာရှင်တွေနဲ့ အခြား အနုပညာရပ်ဝန်းထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ စာတမ်းဖတ်ပွဲ တို့ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အိဇ္ဇဘီးရှင်းနေရာတွေရယ်၊ အစီအစဉ်တွေအပါအဝင် အနုပညာနဲ့ စာရေးခြင်းကြားမှာလိုအပ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ နဲ့ စနစ်ကျတဲ့ အနုပညာ သုံးသပ်ဝေဖန်အရေးအသား၊ သတင်းပညာနဲ့ မီဒီယာတွေကိုပါ တိုးမြှင့်နေရာပေးဖို့ “အနုပညာစာမူ၊ စာတမ်း ဖိတ်ခေါ်ခြင်း/ရှိ” အစီအစဥ်လည်း ပါဝင်မှာဖြစ်ပါတယ်။

/ရှိ ကဲ့သို့ စီစဉ်မှုတွေ၊ အပြန်အလှန်ချိတ်ဆက်မှုတွေပါဝင်တဲ့ အိဇ္ဇဘီးရှင်းမှာ ကျူရေတိုရီရယ် အလေ့အကျင့်ပုံစံတွေက အနုပညာရှင်တွေရဲ့ ရည်ရွယ်ချက်၊ ကျူရေတိုရီရယ်အဖွဲ့ရဲ့ အမြင်၊ ပြခန်းနေရာတစ်ခုရဲ့ ဖြစ်နိုင်ချေ၊ လာရောက်ကြည့်ရှုတဲ့သူတွေရဲ့ တုံ့ပြန်ချက်တွေ အားလုံးကြားကို ဟန်ချက်ညီအောင်  ရန်ကုန်မြို့ရဲ့ နောက်ခံမြင်ကွင်းနဲ့ အလိုက်သင့် ချိန်ညှိပေးပါတယ်။ ဒီကျူရေတိုရီရယ်အဖွဲ့အနေနဲ့ /ရှိ အတွက် ပူးပေါင်းမှုက ကျနော်တို့ အတွက် အံ့ဩကျေနပ်ဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့တယ်။ ဒီလို ကျယ်ပြန့်တဲ့ အိဇ္ဇဘီးရှင်းတစ်ခုကို အချိန်တိုတိုနဲ့ တည်ဆောက်ရာမှာ ရင်ဆိုင််ရတဲ့ အဆက်မပြတ်စိန်ခေါ်သံတွေဟာ အိပ်မက်ဆိုးတွေရဲ့ အော်သံတွေလိုမျိုးပါပဲ။ ဒါပေမဲ့ ဒီအသံတွေကိုဆိတ်ငြိမ်စေပြီး အနုပညာလုပ်သားတွေနဲ့ အနုပညာရှင်တွေ ရဲ့ စုစည်းတင်ပြချက်များကို  ကိုယ်စားပြုတဲ့ /ရှိ အိဇ္ဇဘီးရှင်း ကို နောက်ဆုံးမှာတော့ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ 

ကျနော်တို့ ဆက်လက်တည်ရှိနေဆဲ။ ကျနော်တို့မေးခွန်းတွေထုတ်နေဆဲ။

Exhibition Statement

/ရှိ   (pronounced: “Shi”)

We ground the backdrop of this exhibition to Yangon, the heart of the Myanmar art world. With the pandemic and drastic migration of the local art community, we were able to observe the city morph and take on new forms, opportunities, questions, and tensions. 

“ရှိ” , on its own, the word simply means to have and to exist. The simplicity and depth of the word propelled the curatorial team to ponder out loud what it means to exist and conduct as a catalyst between continuance and questions

Many in Myanmar have had the vivid experience of responding “ရှိ!” (trans: here/present!) to class attendance during our school days.

ရှိ , when combined with other words, creates new meanings. 

 တည်ရှိ -exist

ရောက်ရှိ -arrive

ထွက်ရှိ -produce

တွေ့ရှိ -find

ရရှိ -get

လက်ရှိ -current

Just as ရှိ  means to have and to exist, this exhibition—titled /ရှိ —addresses the enormous disconnect between community and art spaces of Yangon by reopening the discussions on the many ways in which art resonates in the lives of those operating within its orbit against the cacophonous atmosphere. Upon our own reflections and collaborations with artists, we began to grasp ရှိ as a liminal space–an aura– that straddles between perception and existence. 

Hence,

/ရှိ is both a challenge

-to reconsider long-standing perceptions (be it the common bus-commuter’s perception of fine art, or the habitual tokenized image of geopolitical Myanmar in the context of regional Southeast Asia and the Global South)

and an invitation 

-to see for yourself, the existence (of the art scene in Myanmar, and the artists and cultural works still living and working here) as it is.


/ရှိ အိဇ္ဇဘီးရှင်း ဖော်ပြချက်


မြန်မာ့အနုပညာလောကရဲ့ ဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ဒီအိဇ္ဇဘီးရှင်းရဲ့ နောက်ခံပိတ်ကား ဖြစ်ပါတယ်။ ကပ်ရောဂါ အပါအဝင် ဒေသတွင်းမှာရှိတဲ့ အနုပညာအသိုင်းအဝိုင်းရဲ့ များမြောင်လှတဲ့ ပြောင်းရွှေ့နေထိုင်မှုတွေနဲ့ အတူ ကျနော်တို့က သဏ္ဌာန်ပြောင်းလာတဲ့ ရန်ကုန်ကို စောင့်ကြည့်လေ့လာနိုင်ခဲ့ပြီး အသွင်အသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ၊ မေးခွန်းအသစ်တွေနဲ့ တင်းမာမှုအသစ်တွေကို ဖော်ထုတ်တင်ပြလာနိုင်ခဲ့ပါတယ်။


“ရှိ” ဆိုတဲ့ စကားလုံးက ရှိခြင်းနဲ့ တည်ရှိခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို စကားလုံးကိုယ်၌ကိုက ဖွင့်ဆိုနေပါတယ်။ စကားလုံးရဲ့ ရိုးရှင်းမှုနဲ့ နက်နဲမှုတွေကနေ တည်ရှိခြင်းက ဘယ်အရာကို ပြောပြချင်တယ် ဆိုတာကို လက်တွေ့ကျကျတွေးတောပြီး စဉ်ဆက်မပြတ်မှု နဲ့ မေးခွန်း တွေကြား အထောက်အကူဖြစ်ဖို့ ကျူရေတိုရီရယ် အဖွဲ့ကို တွန်းအားပေးခဲ့တယ်။


မြန်မာပြည်ကသူတွေအများ မှာလည်း  ကျောင်းနေစဉ်နေ့ရက်တွေတုန်းက “ရှိ” ဆိုပြီး ကျောင်းခေါ်ချိန်  ထူးခဲ့ရတဲ့ အတွေ့အကြုံကို ကွက်ကွက်ကွင်းကွင်းမှတ်မိနေမှာပါ။ 

“ရှိ” က တစ်ခြား စာလုံးတွေနဲ့ ပေါင်းစပ်တဲ့ အခါမှာလည်း အဓိပ္ပာယ်အသစ်တွေ ဖန်တီးနေပြန်တယ်။

တည် “ရှိ” 

ရောက် “ရှိ” 

ထွက် “ရှိ” 

တွေ့ “ရှိ” 

ရ “ရှိ”

လက် “ရှိ” 

“ရှိ” ဆိုတာ ရှိခြင်း၊ တည်ရှိခြင်းတို့ကို အဓိပ္ပာယ်ဆောင်သလို /ရှိ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအိဇ္ဇဘီးရှင်းက ကျနော်တို့ နေထိုင် တည်ရှိနေတဲ့ လူမှုပတ်ဝန်းကျင် နဲ့ အနုပညာနေရာတွေကြားက  အဆက်အသွယ် ပြတ်တောက်မှုတွေကို ပြန်လည်ချိတ်ဆက် ဆွေးနွေးဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ 

ကျနော်တို့ ကျူရေတိုရီရယ်အဖွဲ့ရဲ့ စီစဥ်စဥ်းစားမှုတွေရယ်၊ /ရှိ မှာ ပါဝင်တဲ့ အနုပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကတစ်ဆင့် “ရှိ” ဆိုတာဟာ အယူအဆ နဲ့ ဖြစ်တည်မှုကြားက အရေးပါတဲ့ အငွေ့အသက်ဖြစ်တယ်ဆိုတာ နားလည်လာကြတယ်။ 

ဒါကြောင့် /ရှိ ဟာ စိန်ခေါ်မှုတစ်ခု 

  • နှစ်ရှည်လများထားရှိခဲ့တဲ့ ခံယူချက်တွေဖြစ်တဲ့ ပုံမှန်  ဘတ်စ်ကားစီးသူတစ်ဦးရဲ့  အနုပညာအပေါ်ခံယူချက်တွေ အပြင် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှဒေသနဲ့ ကမ္ဘာ့တောင်ပိုင်းဒေသ ဆွေးနွေးဖြစ်တည်မှု တွေမှာ အိမ်ဖြည့်ခံသာသာ ဖြစ်နေရတဲ့ မြန်မာနိုင်ငံရဲ့ဖြစ်တည်မှု ကို ပြန်လည်သုံးသပ်ဖို့။ 

ပြီးတော့ ဖိတ်ကြားချက် တစ်ခု 

  • မြန်မာပြည်မှာ ဆက်လက်တည်ရှိ လည်ပတ်နေတဲ့ အနုပညာ ဂေဟစနစ်ရယ် ဒီပတ်ဝန်းကျင်ထဲက   အနုပညာရှင်တွေ နဲ့ ယဉ်ကျေးမှုအနုပညာလုပ်သား တို့ရဲ့ လုပ်ငန်း ဆောင်တာတွေကို အရှိကို အရှိအတိုင်း ကိုယ်တိုင်ကြည့်ရှုခံစားဖို့  ဖိတ်ခေါ်ပါတယ်။